မူဆယ်မြို့နယ်တွင် Grade 11 သင်ရိုးသစ်ဆင့်ပွားသင်တန်းနှင့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အထက(၂)ကျောင်း၌ မြိုနယ်အဆင့် Grade-11 သင်ရိုးသစ်ဆင့်ပွားသင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် (၉)နာရီ အချိန်ကပြလုပ်သည်။ ရှေးဦးစွာ ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အထက(၂)ကျောင်းရှေ့လမ်မတွင်စိုက်ထူခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပြီးစိုက်ထူသည်။ ထို့ပြင် မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဖွင့်ပွဲကျင်းပရာ