မြောက်ဥက္ကလာပမြို့နယ်၌၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade -11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ်

မြောက်ဥက္ကလာပ  မေ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာတတ်မြောက်မှု အဆင့်မြင့်မားစေရန် ပညာရေး ဝန်ကြီးဌာနမှ အခြေခံပညာ မူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲသင်ကြား နိုင်ရေးအတွက် သင်တန်းများ အဆင့်ဆင့် သင်ကြားပို့ချပေးလျက်ရှိရာ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade- 11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈နာရီကမြောက်ဥက္ကလာပမြို့နယ်ဆ)ရပ်ကွက်၊ သုနန္ဒာလမ်းရှိအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ​ မြတ်ခရေခန်းမတွင်ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ဆက်လက်၍ ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်တိုးတက်စေရန်၊ သင်ရိုးသစ်များ ဖြစ်သည့်အတွက် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် အထူးဂရုတစိုက် လေ့လာသင်ယူ ကြစေပြီး၊  ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာ ဗဟုသုတများပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး  အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဆက်လက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်    ဘာသာရပ်ဆိုင်ရာ ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်၏ ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများကို နားလည် သဘောပေါက်စေရန် သင်ရိုးသစ်လက်စွဲစာအုပ်မှ ဓာတု​ဗေဒ၊ ရူပ​ဗေဒ၊ဇီဝ​ဗေဒ၊ ဘောဂဗေဒ၊မြန်မာစာ၊   ပထဝီ၊ သမိုင်း၊  စာရိတ္တနှင့် ပြည်သူ့နီတိ ပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြန်လည်သင်ကြား ပို့ချပေးခြင်းဖြစ်သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ(၁၀)ဦးဖြင့် မြို့နယ်အတွင်းရှိ အထက်တန်းပြ သင်တန်းသား ဆရာ၊ ဆရာမ(၂၁၃)ဦးအား  မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့ အထိ နေ့စဉ် နံနက်(၉)နာရီမှညနေ (၄)နာရီအထိ () ရက်တာ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လှလှထွေး(ပြန်/ဆက်)