သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သာစည် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ်တွင် သန့်ရှင်းသာယာလှပသော  ပတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရန်  စုပေါင်းသန့်ရှင်းရေးကို  အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ   မေ ၂၁ ရက်နံနက် ၇ နာရီက   အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ     ကြီးကြပ်ပါဝင်ဆောင်ရွက်မှုဖြင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊  မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆရာ/မများ စုပေါင်း၍  ကျောင်းပတ်ဝန်းကျင်အမှိုက်ကင်းစင်စေရန်    ကျောင်းဝင်း၊ ကျောင်းပြင်ရှိ    ချုံနွယ်များနှင့်အမှိုက်များ  ရှင်းလင်းဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့က  အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ပေးကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးကို အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။                   

 မြို့နယ်ပြန်/ဆက်