နမ္မတူ မေ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းနှင့် ပတ်သက်၍ လိုက်နာရန် စည်းကမ်းချက်များ၊ လိုအပ်ချက်များ၊ သင်တန်းတက်ရောက်မည့် ဆရာ/ဆရာမများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများအားနှင့် သင်တန်းအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်း (၇)ခန်းဖြင့် မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ သင်တန်းနည်းပြ ဆရာဆရာမ (၁၂)ဦးဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် ကာယ/စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်များဖြင့် သင်းကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ ဆရာဆရာမ (၂၃)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)