ဓနုဖြူ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က(၁)ဓနုဖြူ (တေဇခန်းမ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းမှူး ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ချယ်ရီထွန်းဝေက သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၁၂)ဦးမှ သင်တန်းသား ဆရာ၊ဆရာမ (၁၇၃)ဦးအား မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ကာယပညာရပ် စသည့် ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပြီး (၂၁.၅.၂၀၂၂)ရက်နေ့မှ (၂၃.၅.၂၀၂၂)ရက်နေ့အထိ (၃)ရက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)