ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး၍ ဒေသနေပြည်သူများ သောက်သုံရေသုံးစွဲမှုအဆင်ပြေ

ရှမ်းရွာသစ် မေ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဂါလံ (၅၀၀၀)ဆန့်အုတ်ရေကန်နှင့် အဝီစိတွင်း(တွင်းနက်) တူးဖော်ခြင်းလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအဝီစိရေတွင်းနှင့်ရေဂါလံ (၅၀၀၀)ဆန့်အုတ်ရေကန်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုငွေ ကျပ်(၁၃.၇၆၁)သန်းဖြင့် ဧရာမန္တလာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၁နိုဝင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒေသနေပြည်သူများ သောက်သုံရေများဖူလုံစွာရရှိ၍ အဆင်ပြေလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)