ပေါက်တောမြို့၌ အခြေခံပညာအထက်တန်းအဆင့် GRADE-11 (သင်ရိုးသစ်) မြို့နယ်အဆင့် (FACE TOFACE)ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါက်တော မေ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ်မြို့နယ်အဆင့် (FACETO FACE) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယနေ့နံနက်(၉)နာရီကပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ပေါက်တောမြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်မျိုးသန့်က သင်တန်းဖွင့်လှစ်ရခြင်း၏အကြောင်းအရာများနှင့် သင်တန်းတက်ရောက်နေစဉ် သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြသည်။

ယင်းသင်တန်းသို့ သင်တန်းနည်းပြဆရာ/ဆရာမ (၁၂) ဦးတို့က သင်ကြားပို့ချသွား၍သင်တန်းတက်ရောက်ကြမည့် ဆရာ/ဆရာမ စုစုပေါင်း (၁၂၆)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၂၁)ရက်နေ့မှ မေလ(၂၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)