သတင်းများ

ညောင်ရွှေမြို့နယ် သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ သစ်တောဦးစီးဌာနှင့် ညောင်ရွှေသက် မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၂၂ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့် ကျေးရွာအုပ်စုရှိ သက်မွေးပညာသင်တန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေကျင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် ဓမ္မဗျူဟာသာသနမာမကအဖွဲ့ သင်တန်းကျောင်းဝင်းအတွင်း၌ သစ်တောသစ်ပင်များ စိန်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရန်၊ သစ်တော ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများက ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရွှေဂေါ်တာဘုန်းကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့၌ အခြေခံပညာအထက်တန်း Grade-11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ပညာရေးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အထက(ပန်းတင်) ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 22,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ယမန်နေ့နံနက် ၇နာရီ အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးအဆောက်အဦသစ်အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ရန်ပုံငွေဖြင့်ဆောက်လုပ်သော တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက အာသောကလမ်း၊ အမှတ် (၂) ရပ်ကွက် တရားရုံးအဆောက်အဦသစ်မျက်နှာစာ၌ ကျင်းပသည်။
မော်လိုက်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့ ၊ နောင်ဖာပရဟိတကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုး
May 21,2022
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ၊ခရိုင်သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်ဘိနယ်၊ ခိုလမ်မြို့ ၊နောင်ဖာပရဟိတကျောင်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို မေလ ၂၁ ရက် နံနက် ၈ နာရီက အဆိုပါပရဟိတကျောင်း၌ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်လှမိုး တက်ရောက်၍ စကားဝါပင်ကို စိုက်ပျိုး ပေးပါသည်။