မူဆယ် မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အထက(၂)ကျောင်း၌ မြိုနယ်အဆင့် Grade-11 သင်ရိုးသစ်ဆင့်ပွားသင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် (၉)နာရီ အချိန်ကပြလုပ်သည်။ ရှေးဦးစွာ ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အထက(၂)ကျောင်းရှေ့လမ်မတွင်စိုက်ထူခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပြီးစိုက်ထူသည်။ ထို့ပြင် မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဖွင့်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်က သင်တန်းဖွင့်လှစ်မှုအခြေအနေများအား ရှင်းလင်းမှာကြားသည်။ မူဆယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ ကာလအဖြစ်သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)