ရေနံချောင်း မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာနှင့် လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေ ၂၄ ရက်နေ့တွင် အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကွန်ပျူတာသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က ကွန်ပျူတာသင်တန်းဆရာများ၊ သင်တန်းသားများနှင့်တွေ့ဆုံ၍ သင်တန်းသားဦးရေ၊ ကွန်ပျူတာ အလုံးရေနှင့် သင်တန်းအချိန်တို့ကို မေ ၂၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် Microsoft Word၊ Excel၊ PowerPoint စသည့် ရုံးလုပ်ငန်းသုံးအခြေခံ ကွန်ပျူတာ စာစီစာရိုက်နည်းများကို သင်တန်းတက်ရောက်ရန် လာရောက်စာရင်းပေးသွင်းထား သူ ၃၀ ဦးအား မေ ၂၄ ရက်နေ့မှ ဇွန်လ ၁၅ ရက်အထိ သင်တန်းကာလ ၂၀ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်ထံမှ သိရသည်။
မြို့နယ်ပြန်ဆက်