သတင်းများ

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၆)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေ (၅)နာရီအချိန်က မြို့နယ် ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပသည်။
မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 23,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ရာကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ယမန်‌နေ့က အထက(မယ်စဲ့) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၄)၌ မြို့နယ်သစ်တော ဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်သည်။
အိမ်မဲမြို့နယ်တွင် (၅၃)ကြိမ်မြောက် စူဠဘွဲ့နှင်းနှင့် စာအောင်ဆုနှင်းအခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဓမ္မာ့ရိပ်သာအမှတ်စဉ်(၂၉)တွင် (၅၃)ကြိမ်မြောက်စူဠဘွဲ့နှင်းနှင့် စာအောင်ဆုနှင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်အတိုင်းစနစ်တကျ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၈ နာရီမှစတင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို ကာလတွင် သစ်တော သစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက သရက်တော ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 23,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက် အား​ပေခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  မိုးကြိုကာလ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
May 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်  မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က  ယနေ့ နံနက် ၉ နာရီအချိန်  ရွှေဗဟိုလ်ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှေ့ မောင်တော-အငူမော် ကားလမ်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။