ဆိပ်ဖြူ မေ၂၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စာပေနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ ရက်နေ့ နံနက် ၁ဝနာရီက ပြုလုပ်သည်။
အဆိုပါစာပေဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုး သူများကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လူငယ်များစာအုပ်စာပေများ ဖတ်ရှုလေ့လာကြစေရန်နှင့် စာပေဖတ်ရှုခြင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန် ဝေဖန်းပိုင်းခြားနိုင်မှုစွမ်းအင်များ ရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရှိရပြီး မြို့နယ်စာပေနှင့်စာနယ်ဇင်း ဥက္ကဋ္ဌ ဆရာဦးဉာဏ်အောင်က စာပေဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းအရာများ မိတ်ဆက်စကားပြောကြားပေးသည်။ ထို့နောက် စာပေချစ်မြတ် နိုးသူများက မိမိတို့ဖတ်မှတ်လေ့လာခဲ့သည့် စာအုပ်စာပေများမှ မှတ်သားဖွယ်ရာများ၊ ဗဟုသုတများ ၊စာပေရေးသားတင်ဆက်မှုတို့ကို ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)