ကံမ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် ရပ်ကွက်ကျေးရွာ သမဝါယမအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးမှာ (၁.၄.၂၀၁၉) မှ(၃၀.၉.၂၀၂၀)အထိ (၁၈)လတာကာလအတွက် ပြုလုပ်ခြင်းဖြစ်ပြီး ကံမမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ သမဝါယမအသင်း (၁၉၃) သင်းရှိရာ အသင်းဝင်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေး အစရှိသည့် လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန် ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော်အား မြို့နယ်အသင်းစုမှ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)