ညောင်ဦး မေ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာဝင်းအတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်သီးခြားတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ရှိ နဂါးကျစ်ဘိုးဘွားရိပ်သာဝင်းအတွင်း/အပြင်ရှိ ပေါင်းမြက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ရွက်မှိုက်များ၊ ဖော့ဘူးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကာ သစ်ရွက်ခြောက်အမှိုက်များ၊ သစ်ကိုင်းခြောက်အမှိုက်များအားမီးရှို့ခြင်း၊ ပေါင်းမြက်အစိုများ၊ ချုံနွယ်အစိုများအား ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်ကျင်းသို့ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ နဂါးကျစ်ဘိုးဘွားရိပ်သာသန့်ရှင်းရေးပြုလုပ်လုပ်ရာ ညောင်ဦးမြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သန့်ရှင်းရေးစုပေါင်းပြုလုပ်ရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသူများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်သူအင်အား (၄၁၀)ဦးဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD