ပဲခူးမြို့တွင် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ကျင်းပ

ပဲခူး မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက အ-ထ-က (၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးဒေါ်မာမာစုက သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် ဘာသာရပ် (၁၀) မျိုးအား သင်တန်းနည်းပြ (၂၃) ဦးဖြင့် သင်တန်းပို့ချမည်ဖြစ်ပြီး ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ (၂၈၆) ဦးတို့ တက်ရောက်ကြပြီး သင်တန်းအား (၂၁-၅-၂၀၂၂) ရက်နေ့မှ (၂၃-၅-၂၀၂၂) ရက်နေ့အထိ (၃) ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင် (ပြန်/ဆက်)