သတင်းများ

သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းတွင် ဇီဇဝါကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၁၄၀×ပေ ၃၀) RC နှစ်ထပ်ကျောင်း ဇီဇဝါကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ အဆောက်အဦသစ်ရှေ့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စု (၈၀၂) စုအတွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့
May 26,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စု (၈၀၂) စုအတွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ ခိုးသန်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုဒေသနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲစစ်တွေမြို့၌ ကျင်းပ
May 26,2022
ရခိုင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေး
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ ညနေ ၃ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ
May 26,2022
မေလ ၂၆ ရက်၊ ယနေ့ နံနက်ပိုင်းကစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး ကျောင်းအပ်စတင် လက်ခံနေပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း လိုက်လံဆောင်ရွက် ကြသည်။