စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စမ်းချောင်း ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးကို ယမန်နေ့ နံနက်(၇:၃၀)နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၁၈)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၃)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၂၇)ကျောင်းရှိပြီး  ကျောင်းများအားလုံး၌ ကျောင်းအပ်နှံမှုများသည် ယခင်နှစ်ထက်ပိုမိုများပြားလာပြီး ကျောင်းများအလိုက် ကျောင်းအပ်နှံ ပြီးစီးသူ (၃၂၇၅)ဦးရှိပြီး ယနေ့ကျောင်းဖွင့်ရက်တွင် လာရောက် တက်ရောက်သူ (၂၈၄၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့သို့ ကျောင်းများ စတင်ဖွင့်လှစ်ခြင်းအား ခရိုင်ပညာရေးမှူးနှင့်  မြို့နယ်ပညာရေးမှူးတို့မှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး စနစ်သစ်သင်ကြားရေးအတွက် လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ငြိမ်းချမ်းဝင်း