ကျောက်တံတား ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံမှုများကိုလည်း ဆက်လက်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများနှင့်အညီ ခြေနင်းလက်ဆေး ဘေစင်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း(၅)ကျောင်း စုစုပေါင်း(၇)ကျောင်း ရှိကြောင်း သိရသည်။
ရွှေဇင်ခိုင်