ကျောက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျောက်ကြီး ဇွန် ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ယနေ့မှစ၍ ကျောင်းသား ကျောင်းသူများအား၊ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းမအပ်ရသေးသူများအား ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ တို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)