တောင်တွင်းကြီး ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးများ တစ်ကြိမ်တစ်ခါမျှထိုးနှံရခြင်းမရှိသေးသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက်(၉)နာရီမှစတင်၍ အ-ထ-က(၁)ကျောင်း ဆေးထိုးစုရပ်တွင် ပထမနေ့အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ မူလတန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည်လည်း ဦးစားပေးအုပ်စုများတွင်ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်သင်ကြားလျက်ရှိသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရ သေးသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အထိရှိကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အသက်(၅)နှစ်မှ(၁၂)နှစ်အထိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေး နေမှုအား တောင်တွင်းကြီး တပ်နယ်မှူးဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)