ဝက်လက် ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့်လုပ်ငန်းများ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂ရက်နေ့ နံနက် (၉)နာရီ ၃၀မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းများ၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုလျာထားချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကဏ္ဍတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းဆက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်