ဘုတ်ပြင်း ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၉၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၅) ကျောင်းတို့တွင် ယနေ့နံနက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၃၂၆) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိးပြီး ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၎င်းအပြင် ကျေောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုအခြေအနေများအား ဘုတ်ပြင်းတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေမှူး ဦးနေလင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)