တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်ဝန်ကြီးများ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနေမှုအားကြည့်ရှုအားပေး

ထားဝယ် ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနေမှုအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးဝင်းနောင်က ကျောင်းများ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာ စာသင်ကြားနိုင်ရေးနှင့် မိဘများ၏လုံခြုံရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနက ကျောင်းတက်နေသောကျောင်းသား/သူများ အသက်(၅) နှစ်မှ(၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)