မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်းကြီးများအား ထောက်ပံ့ငွေပေးအပ်

သာပေါင်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်းကြီးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၊ မြဝတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုကော်မတီဝင်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူး လှမိုး(ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားပြီး သာပေါင်းမြို့နယ် စစ်မှုထမ်းဟောင်း အမှုဆောင်ကော်မတီ(၉)ဦးဖွဲ့စည်းထားရှိမှုအား အတည်ပြုချက်ရယူ၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုမှ ထောက်ပံ့ပေးအပ်သော အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်း(၂)ဦးတို့ကို တစ်ဦးလျင်(၅၀၀၀၀)ကျပ်စီဖြင့် (၁)သိန်းကျပ် ချီးမြှင့်ထောက်ပံ့ပေးအပ်ပြီးနောက် သာပေါင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ပြည်သူ့စစ်တာဝန်ထမ်းဆောင် နေရင်းကွယ်လွန်သွားသော တပ်သားမြအုန်းအား ထောက်ပံ့ငွေ(၁)သိန်းကျပ်ကို သက်ဆိုင်ရာမိသားစု ကိုယ်စားလှယ်ထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်