မိုးကောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား

မိုးကောင်း ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံတစ်ဝန်း၌ ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းများသည်လည်း ယမန်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၆)ရက်မှ ဇွန်(၁)ရက်ထိ ကျောင်းအပ်လက်ခံခဲ့ရာတွင် ကျောင်းအပ်နှံသူ စုစုပေါင်း (၂၀၃၄၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုးကောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း (၁၀)ကျောင်း၊ အထက်တန်း(ခွဲ) (၇)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ လ(ခွဲ) (၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း (၈၆)ကျောင်း၊ မူလတန်းခွဲ (၄)ကျောင်း အခြေခံကျောင်း စုစုပေါင်း (၁၃၀)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း (၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၅)ကျောင်းနှင့် သီလရှင်ကျောင်း (၁)ကျောင်းရှိပြီး မူလတန်းအဆင့် ကျား (၅၇၉၀)ဦး၊ မ (၅၆၇၈)ဦး၊ အလယ်တန်းအဆင့် ကျား (၂၁၂၃)ဦး၊ မ (၂၄၇၃)ဦး၊ အထက်တန်းအဆင့် ကျား (၆၀၃)ဦး၊ မ (၈၇၃)ဦး စုစုပေါင်း (၁၇၄၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)