ဝေါ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရန် KG မှ Grade 5 အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းအား ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဝင်းမော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၉:၀၀ နာရီမှစတင်၍ ကာကွယ်ဆေးထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝေါမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ ကျောင်းသူ (၂၂၀၀၀) ဦးအား သက်ဆိုင်ရာကျောင်းများတွင် စုရပ်များပြုလုပ်ပြီး ဌာနဆိုင်ရာများ ပူးပေါင်းကာ စနစ်တကျ နေရာချထားပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)