ထန်းတပင်မြို့နယ်တွင် အသက်(၅)နှစ်မှအသက်(၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေး

ထန်းတပင်  ဇွန်  ၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ()နှစ်မှ အသက်(၁၂)နှစ်ကြား အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း သတ်မှတ်စုရပ်နေရာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း စာရင်းရှိ အခြေခံပညာကျောင်း (၁၄၉)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၀၉၇၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ဇွန်လ()ရက်နေ့၊ ကာကွယ်ဆေးစတင်ထိုးနှံသောနေ့တွင် ..က()အခြေခံပညာ မူလတန်းကျောင်း၊ ..က() အခြေခံပညာမူလတန်းကျောင်း၊ ..က()အခြေခံပညာ မူလတန်းကျောင်း၊ ..က()အခြေခံပညာ မူလတန်းကျောင်း၊ ..က(လှည်းဆိပ်)ကျောင်း၊ ..က(ရွှေကြာဗျိုက်)ကျောင်း၊ ..က(ကျွဲကူး) ..က(လက်ပံကုန်း) မူလွန်(ညောင်လေးပင်) နှင့် အ..က (သဲဖြူတောင်) ကျောင်းတို့ရှိ အသက် ()နှစ်မှ အသက်(၁၂)နှစ်ကြား အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူတို့ကို ကာကွယ်ဆေးစတင်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အသက်()နှစ်မှ အသက်(၁၂)ကြား အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များအား ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များအလိုက် ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများအလိုက် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)