ဖားကန့်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း ခြောက်ဆယ်ကျော် စတင်ဖွင့်လှစ်

ဖားကန့် ဇွန် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဇွန်လ(၂)ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်း ခြောက်ဆယ်ကျော် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါစာသင်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဖားကန့်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်း ၆၈ ကျောင်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှ ကျောင်းသားကျောင်းသူဦးရေ (၉၁၀၃)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး (ပြန်/ဆက်)