ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးစာအုပ်ပြပွဲ ဆောင်ရွက်

ဗိုလ်တထောင်  ဇွန်  ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူတန်းကျောင်းအမှတ် () ယနေ့နံနက် ၉နာရီတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးစာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်၊စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ် က ကျောင်းသား/သူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး၊ စာပေများကိုလေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများမြင့်မားလာစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန်ရည်ရွယ်၍ ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင်အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)