ညောင်လေးပင်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ညောင်လေးပင် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်က ငှက်ပျောတောစု၊ အခြေခံပညာမူလတန်းလွန်​ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ညောင်လေးပင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ဇွန်လ(၂)ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသောကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)