ကျောက်မဲ ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၄)၊အခြေခံပညာကျောင်းမှ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးဆေးထိုးနှံရန် အကျုံးဝင်သည့် ကျောင်းသားကျောင်းသူ ဦးရေ ၇၀၅ ဦးရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ကျန်းမာရေးစီးဌာနအနေဖြင့် ဇွန် (၂) ရက်နေ့မှစ၍ ကျောက်မဲမြို့နယ်ရှိ ကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၀၀ ဦးကျော် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးကြောင်း ပညာရေးဌာနမှသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)