သရက်မြို့၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

သရက် ဇွန် ၈

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ၂၀၂၂ - ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်၍ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ ပူးပေါင်း၍ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ကျောင်းများအရောက် လှည့်လည် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအခြေပြု ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို မြို့နယ်အတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ တောင်မင်းတည်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများအား တာဝန် ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ သရက်မြို့နယ်၌ ယမန်နေ့အထိ အသက် (၅)နှစ်မှ (၁၂)နှစ် ကျောင်းသား၊ ကျောင်းသူ (၅၁၄၉)ဦးအား ကိုဗစ် - ၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)