ပင်လုံမြို့အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပင်လုံ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းမှစ၍ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားလည်းကောင်း၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်​။

ကာကွယ်ဆေးမထိုးနှံမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီဝက် စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ပင်လုံမြို့တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများ၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်နှင့်ဆရာ/ဆရာမများ၊ ဝန်ထမ်းများပူးပေါင်းကာ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)