နောင်ချို ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်ချိုမြို့နယ် ဘူတာရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွာ(၂၉)ဦးအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းထောက်ပံ့ပေးရာတွင် နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဆုကျော်၊ ဒုတိယဦးစီးမှူး ဒေါ်ဟေသီဦးနှင့်ဝန်ထမ်းများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လ တို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ၃-လစာအတွက် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၃၅၁ဦးရှိပြီး ကျန်ရှိသည့် ဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)