ရွှေဘို ဇွန် ၈ရက်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆေးဘက်ဆိုင်ရာ ဓါတ်ခွဲပညာရှင်အဖွဲ့ဝင် စာရေးဆရာ ဦးစောသက်ရွှေက မျောက်ကျောက်ရောဂါဟာ မျောက်များတွင်ဖြစ်ပွားသော ဗိုင်းရပ်စ်ကနေတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ အာဖရိကနိုင်ငံတွေမှာ အဖြစ်များကြောင်း၊ ကူးဆက်နိုင်ငံ (၁၂)နိုင်ငံထိရှိနေပြီဖြစ်သဖြင့် ပေါ့ဆမနေသင့်ကြောင်း၊ မျောက်ကျောက်ရောဂါကူးစက််ခံရလျှင် ခံစားရသောလက္ခဏာများ၊ ကာကွယ်ကုသရမည့်နည်းလမ်းများ ၊ကူးဆက်မှုနှင့် ပြန်ကောင်းမည့် အချိန်ကာလကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)