ဒဂုံမြို့နယ်ရှိ​ ကျောင်းများတွင်​ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေး

ဒဂုံ ဇွန် ၁၄

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်   ယမန်နေ့ ​နံနက် ၉ နာရီအချိန်မှ ၁၀:၄၅ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊​ မော်ကွန်းတိုက်လမ်းရှိ အမှတ် (၃) အခြေခံပညာ အလယ်တန်း​ကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ​ ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ​ကျောင်းသား ၅၂ ဦး၊​ ကျောင်းသူ ၅၉ ဦး၊ စုစု​ပေါင်း ၁၁၁ ဦးတို့အား ထိုးနှံ​ပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၁၁၁ ဦးအတွက် ဆေးအလုံးရေ  ၂၂.၂ လုံးအား ထိုးနှံ​ပေးခဲ့သည်။

ထိုသို့​ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေးစဉ် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများပူး​ပေါင်း၍ ကူညီဆောင်ရွက်​ပေးခဲ့ကြကြောင်း သတင်းရသည်။

မေသန္တာ