မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအား အထူးလျှော့ရက်ခံစားခွင့်ပြုနိုင်ရန် ကြည့်ရှု့စစ်ဆေး

မိုင်းဆတ် ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များခံစားခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ထောင်အတွင်းပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အကျဉ်းသား၊အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၏ စည်းကမ်းများလိုက်နာနေထိုင်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား/သူများအနက် “က”အဆင့်(၅၀)ဦး၊ “ခ”အဆင့်(၁၆)ဦးနှင့် “ဂ”အဆင့်(၁၂)ဦး စုစုပေါင်း (၇၈)ဦးအား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)