လပွတ္တာ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ရှင်းလင်းပြောကြားသည်။ ထိုနောက် ဝန်ထမ်းသား/ သမီး ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်အဆင့် (၅၀၀၀၀)ကျပ်၊ အထက်တန်းအဆင့် (၄၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့် (၃၀၀၀၀)ကျပ်၊ မူလတန်းအဆင့် (၂၀၀၀၀) ကျပ်တို့ဖြင့် ဝန်ထမ်းသားသမီး (၉)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ငွေ (၂၂၀၀၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)