သိန္နီ ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် သစ်တောဦးစီးဋ္ဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဉတုအပူဒဏ်ကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က သိန္နီမြို့နယ် စယ်အူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေလင်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကိုကို၊ မြို့နယ် အင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၊ မြို့နယ်သစ်တောဦးစီးဋ္ဌာန၊ ဦးစီးမှူး ဦးစိုးလှတို့က စိုက်ပျိုးမည့်သစ်ပင်များကိုပေးအပ်ရာ စယ်အူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ဝင်း၊ ကျောင်းအကျိုးဆောင်ကော်မတီဝင် ဦးထွန်းစိန်၊ အမျိုးသမီးရေးရာအဖွဲ့၊ ဉက္ကဋ္ဌ ဒေါ်စန်းစန်းအေး၊ မီးသတ်ဦးစီးဋ္ဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းသစ်တို့မှ လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသူများက မဟောဂနီ (၂၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ ခရေ(၅၀)ပင်၊ ကံ့ကော် (၅၀)ပင်၊ ယမနေ (၂၀၀)ပင်၊ ချယ်ရီ (၅၀)ပင်၊ စိန်ပန်းပြာ (၅၀)ပင်၊ ရေသင်းဝင် (၂၀၀)ပင် ၊စုစုပေါင်း(၇၂၀) ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ စယ်အူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဋ္ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သိန္နီမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၀၀) ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စောဉမ္မာ(သိန္နီ)