တိုက်ကြီးမြို့နယ် ပိတောက်တန်းကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 14,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ယမန်နေ့၊ နံနက်ပိုင်းက တာခွကျေးရွာအုပ်စု၊ ပိတောက်တန်းကျေးရွာ၊ ရှမ်းတောကြီး ဘုန်းတော်ကြီးကျောင်းတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနနှင့် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။