ကလိန်အောင်မြို့တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster  Dose ဆက်လက်ထိုးနှံပေး

ကလိန်အောင်  ဇွန် ၁၄

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  ယနေ့နံနက် ၉နာရီက ကလိန်အောင်မြို့အဝင်/အထွက် တံတားထိပ်ဆေးစစ်ရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသောပြည်သူများအား ထပ်ဆောင် Booster Dose ကာကွယ်ဆေးဆက်လက်ထိုးနှံပေးပြီး ရာခိုင်းနှုန်းပြည့်မီရေးအတွက်ပြည်သူ(၄၅)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)