ဓနုဖြူ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုမှ ကျောင်းသား/သူ (၉၁၁)ဦး ဝင်ရောက်ဖြေဆိုရာ (၅၁၁)ဦး အောင်မြင်မှုရှိ၍ (၅၆.၁၅%) အောင်မြင်မှုရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၈၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၆၈)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၃၆၀)ဦးရှိပြီး မြန်မာစာဂုဏ်ထူးရရှိသူ(၅၈)ဦး၊ သင်္ချာဂုဏ်ထူး ရရှိသူ(၂)ဦး၊ ဓာတုဗေဒ ဂုဏ်ထူးရရှိသူ (၂၂)ဦး၊ ရူပဗေဒ ဂုဏ်ထူးရရှိသူ(၁၅)ဦး၊ ဇီဝဗေဒ ဂုဏ်ထူး ရှိသူ(၈၇)ဦး၊ ပထဝီဂုဏ်ထူးရရှိသူ(၁၄၉)ဦး၊ သမိုင်းဂုဏ်ထူးရရှိသူ(၁၆၅)ဦး၊ ဘောဂဗေဒဂုဏ်ထူး ရရှိသူ (၁၈၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)