ကရသူရိ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(ဘုတ်ပြင်း)စာစစ်ဌာနမှ (၂၉.၄၁) ရာခိုင်နှုန်းဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူ(၁၇)ဦးဖြေဆိုခဲ့ကြပြီး ရိုးရိုးအောင်မြင်သူ(၃) ဦးနှင့် ဘောဂဗေဒဘာသာရပ် ဂုဏ်ထူးဖြင့်အောင်မြင်သူ(၂)ဦး စုစုပေါင်း(၅)ဦးအောင်မြင်ခဲ့ပြီး ဘုတ်ပြင်းစာစစ်ဌာနမှ ကရသူရိမြို့ အခြေခံပညာအထက် တန်းကျောင်းသည် အောင်ချက်ရာခိုင်နှုန်းအနေဖြင့်(၂၉.၄၁) ရရှိခဲ့ ကြောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း မိမိတို့ကျောင်းအနေဖြင့် အောင်ချက်ပိုရရှိ၍ ရာခိုင်နှုန်းတိုးတက်အောင် ဆရာ/ဆရာမများက စနစ်တကျသင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးကပြောကြားသည်။
မြို့နယ်(ပြန်/ဆက်)