ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ရွှေကျင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရာ ရွှေကျင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က (ရွှေကျင်)၊ အ-ထ-က (တပ်နယ်)၊ အ-ထ-က (ဒုံဇရစ်) နှင့် အ-ထ-က (တံခွန်တိုင်) စာစစ်စင်တာ ၄ ခုခွဲ၍ ဖြေဆိုခဲ့ကြသည်။

အဆိုပါ စာစစ်စင်တာ ၄ ခုတွင် ဝင်ရောက်ဖြေဆိုကြသော ကျောင်းသား / ကျောင်းသူ စုစုပေါင်း (၇၇၈) ဦးရှိပြီး ဖြေဆိုအောင်မြင်သူ (၃၁၈) ဦးရှိကြောင်း အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် (၄၀.၈၇) ရှိကြောင်း ပညာရေးဌာနမှ သိရသည်။

အဆိုပါ အောင်မြင်သူများတွင် ဂုဏ်ထူးရ ကျောင်းသား / ကျောင်းသူ (၁၄၇) ဦးရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)