ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းထုတ်ပြန်ကြေညာ

ဘားအံ ဇွန် ၁၇

ကရင်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယနေ့၌ထုတ်ပြန်လျက်ရှိရာ ကရင်ပြည်နယ်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း(၄၄.၄၆)ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများနှင့် ပညာရေးမှူးရုံးများတွင် ကြေညာထားလျက်ရှိရာ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုလျက်ရှိပြီး ကရင်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် ရရှိသူစုစုပေါင်း(၅၉၁၈)ဦးရှိပြီး စုစုပေါင်း (၅၃၇၈)ဦး  ဝင်ရောက်ဖြေဆိုခဲ့ရာ ဘားအံမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၁၉၁၈)ဦး အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၄၈.၀၂)ရာခိုင်နှုန်း၊ လှိုင်းဘွဲမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၈၂၇)ဦး၊ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၄၁.၄၈)ရာခိုင်နှုန်း၊ သံတောင်မြို့တွင် ဝင်ရောက်ဖြေဆိုသူ (၁၇၂)ဦး အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၃၀.၂၃)ရာခိုင်နှုန်း၊ ဖာပွန်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၁၉၄)ဦး အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇)ရာခိုင်နှုန်း၊ ကော့ကရိတ်မြို့နယ် တွင်ဝင်ရောက်ဖြေဆိုသူ (၁၀၁၀)ဦး အောင်ချက်ရာခိုင်နှုန်း (၄၅.၃၅)ရာခိုင်နှုန်း၊ ကြာအင်းဆိပ် ကြီးမြို့နယ်တွင်ဝင်ရောက်ဖြေဆိုသူ (၆၆၀)ဦး အောင်ချက်ရာခိုင်နှုန်း (၅၀.၆၁)ရာခိုင်နှုန်း၊ မြဝတီမြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၅၉၇)ဦး အောင်ချက်ရာခိုင်နှုန်း (၃၈.၀၂)ရာခိုင်နှုန်းဖြစ်သည့်အတွက် စုစုပေါင်း(၄၄.၄၆)ရာခိုင်နှုန်းအောင်မြင်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)