ပလောက် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ တောင်သူလယ်သမားများအား မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်ယနေ့ နံနက် ၈နာရီအချိန်က ကွင်းဆင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံရေးအတွက် ရည်ရွယ်၍ မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မီကျော်လွန်ရေးကို တောင်သူလယ်သမားများအား အချိန်နှင့်တပြေးညီစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများမှ ကွင်းဆင်းကြည့်ရှုကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသက်လွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများပူးပေါင်းပါဝင်ကြကာ ကွင်းဆင်းအားပေးခဲ့ကြသည်။ ပလောက်မြို့တွင် ယခင်နှစ် မိုးစပါး စိုက်ဧက (၁၅၄၉၈)ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် လျာထားဧကထက်ပြည့်မီကျော်လွန်နိုင်စေရေး၊ အထွက်နှုန်းတိုးတက်မြင့်မားစေရေးနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် မျိုးကောင်းမျိုးသန့်အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်စေရန် ကွင်းဆင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)