လိပ်သို ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ပြီးသိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ခြေလျင်လျှောက်သူများလိုက်နာရန်၊စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းများအကြောင်း၊မော်တော်ဆိုင်ကယ်စီးနင်းသူနှင့်(ကား)ယာဉ်မောင်းများလိုက်နာရန်စည်းကမ်းများကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း၊အနှေးယာဉ် အမြန်ယာဉ်လျောက်သူများလိုက်နာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များအကြောင်း နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေဆိုင်ရာများအား အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ နံရံကပ်စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ကားမောင်းနေစဉ် ဖုန်းပြောတာရပ်ပါ၊ ရပ်မျဉ်းကျော်၍ ရပ်ခြင်း၊ သတိပေးကာတွန်းပုံများ အသိပညာပေးနံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ဒေသနေပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ် သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)