ကလိန်အောင် ဖေဖော်ဝါရီ ၈
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့်မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ အကြောင်းဟောပြောခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းအမေးအဖြေများ ဆောင်ရွက်ပေးပြီး အကောင်းဆုံးဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များကို နံရံကပ်စာစောင်များဖြင့်ပြသခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)