မင်းလှမြို့နယ် မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်  ဆွေးနွေးဟောပြောခဲ့ပြီး မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ လေ့လာဆည်းပူးနိုင်ရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ လူကုန် ကူးမှုအန္တရာယ်အကြောင်းအရာများ၊ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)