ပျဉ်းမနားမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေး

ပျဉ်းမနား ဖေဖော်ဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများမှ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ပျဉ်းမနားမြို့နယ်အတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးလျက်ရှိပြီး ၂၀၃၀ ခုနှစ်အတွင်း ခွေးမှတစ်ဆင့် ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော် သွားမှာဖြစ်ပါကြောင်း၊ ယနေ့တွင် လဲလူးအိုင်ကျေးရွာအုပ်စုအတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင် စုစုပေါင်း(၂၂၅)ကောင်ကို  ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးခဲ့ကြောင်း ပျဉ်းမနားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)